Description
ဧပြီလ ၁၃ ရက်နေ့ကနေ ၁၆ရက်နေ့ အထိ မြန်မာသင်္ကြန်ကာလမှာ ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် လူ ၆ ဦးသေဆုံးပြီး၊ ၁၄၉ ယောက် ဒဏ်ရာရတယ်လို့ဒီနေ့ထုတ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ မှာဖော်ပြထားပါတယ်၊ သေဆုံးသူ ၆ ဦးအနက် ၂ ဦးဟာ လူသတ်မှုမှာ သေဆုံးသွားတာဖြစ်ပီး၊ ၄ ဦးကတော့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတယ်လို့ဆိုပါတယ်။ သင်္ကြန်ကာလအတွင်းမှာ ယာဉ်မတော်တဆမှု ၃၅ မှုနဲ့ ခိုက်ရန်ဖြစ်မှု ၅၄ မှုဖြစ်ခဲ့တယ်လို့လည်း သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်၊
| Credibility: |
 |
 |
0 |
|
Leave a Comment