Description
မြန်မာနိုင်ငံမှာဆေးမတိုးတဲ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေစတင်လုပ်ကိုင်ဖို့ အဓိကနေရာတွေကို သတ်မှတ်လိုက်ပြီဖြစ် တယ်လို့  ကုလသမဂလူသား ချင်း စာနာမှုညှိနှိုင်း ရေးရုံးရဲ့  IRIN သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။အခုလအစောပိုင်းက မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ငှက်ဖျားရောဂါဆိုင်ရာ အစည်းအဝေးမှာ ကျန်း မာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့  အလှုရှင်တွေက ဆေးမတိုးတဲ့ ငှက်ဖျား ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေစတင်လုပ်ဆောင်ဖို့ အဆင့် ၃ဆင့်သတ်မှတ်ခဲ့ တာဖြစ်တယ်လို့  သတင်းကဆိုပါတယ်။
ပထမဦးစားပေးအဆင့်အနေနဲ့  တနင်္သာရီတိုင်းက မြို့ နယ် ၁၀ခုနဲ့ ပဲခူးတိုင်းရွှေကျင်မြို့ နယ်၊ ဒုတိယအဆင့်အနေနဲ့  ကရင်-ကယား-မွန်-ရှမ်းနဲ့  ပဲခူးတိုင်းကမြို့ နယ်တွေနဲ့  တတိယ အဆင့် အနေနဲ့ က ကတော့ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ ပြုလုပ်မှာဖြစ် တယ်လို ပြောပါတယ်။
ငှက်ဖျားရောဂါဟာမြန်မာနိုင်ငံမှာလူအသေအပျောက်အများဆုံးရောဂါတခုဖြစ်ပြီး အသက် ၅ နှစ်အောက်ကလေးငယ်သေဆုံးမှုဟာလည်း ငှက်ဖျားရောဂါကြောင့်ပဲ အများဆုံးဖြစ်တယ်လို့  (WHO) ကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့  ဂလိုဘယ်လ်ဖန်းက မကြာသေးခင်ကပဲ အမေရိကန်ဒေါ်လာ ၁၉သန်းကူညီ မယ်လို့ ကတိပေးထားပါတယ်။
| Credibility: |
 |
 |
0 |
|
Leave a Comment